ခွင့်လွှတ်ပါ
ခွင့်လွှတ်ပါ
မင်းရေဆာချိန်
ရေတစ်ခွက်ပေးဖို့
ငါ……..မရှိခဲ့ရင်
မင်းဝမ်းနည်းချိန်
နှစ်သိမ့်ပေးဖို့
ငါ……မရှိခဲ့ရင်
မင်း ဒုက္ခရောက်ချိန်
ခွန်အားပေးဖို့
ငါ…….မရှိခဲ့ရင်
မင်းလိုအပ်ချိန်
ကူညီကြင်နာဖို့
ငါ……..မရှိခဲ့ရင်
(ငါဟာလေ)
ဝိညဉ်ဘ၀မှာမို့
ငါ့ကို ခွင့်လွှတ်ပေးပါနော်။             ။
ရင်ငြိမ်းပန်း(ပခုက္ကူ)
Advertisement
4 Responses so far »
  1. 1
  2. 2
    နန်း said,
    အင်း ၀ိညဉ်ဆိုတာ မရှိဘူး
    ထိတွေ့ကိုင်တွယ်လို့မရဘူး
    မမြင်နိုင်ဘူး
    ငါလဲ
    သူ့အတွက် မရှိဘူး
    ထိတွေ့ကိုင်တွယ်လို့လဲ မရဘူး
    မြင်လဲ မမြင်နိုင်တဲ့ နေရာမှာ
    လုပ်ပေးချင်ပေမယ့် မလုပ်ပေးနိုင်တဲ့ ဘ၀မှာမို့ အဲလို ရေးထားတာပါ
  3. 3
    ရေးတယ်ဟ ငါလည်း အားကျလို့ ဘာသာပြန် တစ်ပုဒ်ထားခဲ့တယ်…
    ကဗျာကတော့….. ဒီလိုလေး
    သူငယ်ချင်း မင်းအကြောင်းကိုတွေးနေမိတယ်….
    ငါတို့ အတူဖြတ်သန်းခဲ့တဲ့ အရာတိုင်းကို တွေးနေမိတယ်……
    ငါတို့ အတူ ငြင်းခုံလိုက် ရန်ဖြစ်လိုက်နဲ့ပဲ အချိန်တွေကုန်ခဲ့တယ်…..ဒါတွေဟာ မကောင်းမှန် သိနေပေမဲ့လည်း လုပ်ဖြစ်နေတုန်းပါပဲ…
    ဒီဖြစ်ရပ်တွေဟာ ငါကို များပြားတဲ့ နာကျင်မှုဝေဒနာတွေ ဖြစ်စေခဲ့တယ်…..
    ဒီ နာကျင်မှုတွေဟာ ကောင်းကင်က ရွာချတဲ့ မိုးလိုပါပဲကွာ……
    သူငယ်ချင်း မင်းကို ငါနှလုံးသားထဲက မြတ်မြတ်နိုးနိုးချစ်တာပါ….
    အခုတော့ ဒါတွေဟာ ပြီးဆုံးခဲ့ပါပြီ မင်းနဲ့ငါ ခြားနားတဲ့ အစိတ်အပိုင်းတွေ ဖြစ်နေခဲ့ပြီ….
    ငါရဲ့ အကောင်းဆုံးနေရက်တွေ ပြီးဆုံးခဲ့ပြီ……
    ငါ့ ညတိုင်းဆုတောင်းမိပါတယ်….ဒါဟာ ကြီးမားတဲ့ လိမ်လည်မှုတခုဖြစ်ပါစေလို့သာ…..
    မင်းဟာ ငါဘ၀ရဲ့ ညမီးအိမ်လေးပါ….မင်းကို အရမ်းလွမ်းနေမိတယ်…..
    မင်းဘာလို့ ငါတို့နဲ့ အတူမနေနိုင်တာလဲ ငါထင်ပါတယ် မင်းဟာဒီထက်ကောင်းတဲ့ နေရာတစ်ခုမှာရှိနေမယ်ဆိုတာ……
    ငါဒုက္ခ ရောက်တိုင်း ကူညီတတ်တဲ့ မင်း…ဒါတွေ အဆုံးသတ်သွားခဲ့ပါပြီ……
    သူငယ်ချင်းဆိုတာ အမြဲ အတူရှိနေတာပါ……တနေ့မှာ မင်းနဲ့ ငါ ပြန်လည်ဆုံတွေ့နိုင်မယ်လို့ ငါမျော်လင့်နေမယ်…….
    • 4
      laypyaenu said,
      ဟုတ်လှချည်လားကိုရဲရ
      ဆက်လုပ်ပါ
      အားပေးမယ်
Comment RSS · TrackBack URI
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s
Follow
Get every new post delivered to your Inbox.